International Campaign for Freedom of Aung San Suu Kyi and Burma


Tuesday, March 4, 2014

သတင်းထုတ်ပြန်ချက် - အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းများညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ကို ကျင်းပရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီ မှပြောကြား

 

4 March 2014

သတင်းထုတ်ပြန်ချက်

အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းများညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ကို ကျင်းပရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီ မှပြောကြား

မြန်မာနိုင်ငံတွင် ၂၀၁၄ မတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ပြုလုပ်မည့် အာဆီယံ အရပ်ဘက်လူမှု့အဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ် (ACSC/APF) ကျင်းပရန် အားလုံးအဆင်သင့်ဖြစ်ကြပြီ ဖြစ်သည်။ ACSC/APF ကို မတူညီ ကွဲပြားသော အခြေခံအရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တစ်နိုင်ငံစီအလိုက် အခြေပြုသော အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အာဆီယံဒေသတွင်းနိုင်ငံအများကိုအခြေပြုသော အဖွဲ့အစည်း ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀၀ ထိ တက်ရောက်မည်ဟု မျှော်မှန်း ထားသော မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော အာဆီယံ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ညီလာခံ ဖြစ်လာနိုင်ဖွယ် ရှိပါသည်။

ACSC/APF 2014 ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီသည် သတင်းမီဒီယာ များ၊ သံတမန်များအပြင် အခြားသက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ လည်းကောင်း ၅ ရက်နေ့တွင် ဘန်ကောက်မြို့၌ လည်းကောင်း တွေ့ဆုံတင်ပြမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

လက်ရှိ ဂျကာတာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ကို ဦးဆောင်နေသော အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါ်မေမေပြုံးနှင့် ခရီးစဉ်တွင် လိုက်ပါလာသော အာဆီယံလူငယ် ဖိုရမ်ဖြစ်မြောက်ရေး ကိုယ်စားလှယ်  ကိုအောင်ဇင်တို့သည် ရန်ကုန်သို့ ပြန် လည်ရောက်ရှိမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ခရီးစဉ်အပေါ် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။

အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ တွဲဖက် ဥက္ကဋ္ဌဖြစ်သော ဖရီမရူဒီဒေါင်ရွန်မှလည်း အာဆီယံ လူငယ်ဖို ရမ် ဖြစ်မြောက်ရေး ကိုယ်စားလှယ် မစ္စတာ ဂျိုလ်ဘာရယ်ဒို နှင့်အတူ ဘန်ကောက်မြို့ Foreign Correspondents Club of Thailand တွင် မတ်လ ၅ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသော "ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး တရားမျှတရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် အာဆီယံ လူထုသွေးစည်းညီမျှမှု မြင့်မားရေး" ဟူသော ဦးတည်ချက်ပေါ်အခြေခံ၍ မျက်နှာစုံညီပွဲ ၄ ခုနှင့် အကြောင်း အရာ ခေါင်းစဉ်ကြီး ၄ ခု အောက် (ဥပမာ။ ။ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး) အလုပ်ရုံဆွေးနွေးပွဲ ၂၇ ခု ပါဝင်သွားမည်ဖြစ်သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂-၂၃ ရက်နေ့များ တွင် ဖြစ်မြောက်ရေးကော်မတီဝင်များက ဖိုရမ်ဖြစ်မြောက်ရေး အတွက် (၄) ကြိမ်မြောက် ဒေသတွင်းညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး အာဆီယံပြည်သူ့ဖိုရမ်အား လွတ်လပ်အမှီခိုကင်း စေရန်နှင့် အများပါဝင်နိုင်စေရန် ဆက်လက်တိုက်တွန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ညှိနှိုင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော ကိုယ်စားလှယ်များသည် စည်းစည်းလုံးလုံးဖြင့် မည်သို့ရှေ့ဆက်လက်တွဲ လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြပြီး အာဆီယံပြည်သူ့ဖိုရမ်ကို အများလက်လှမ်းမှီသော၊ အများပါဝင်မှုရှိသော၊ လွတ်လပ်အမှီအခိုကင်းသော ဖိုရမ်တစ်ခုအဖြစ် ကျင်းပနိုင်ရန် မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ခဲ့ကြသည်။

ဖြစ်မြောက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ NGO Gender Group ၏ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေမေပြုံးက လက်ရှိမြန်မာ နိုင်ငံတော် အစိုးရအာဏာပိုင်များ၏ အဘက်ဘက်မှအားပေးမှုအပေါ် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများမှ ဖိုရမ်တက်ရောက်မည့် သူများကို ဆိုက်ရောက်ဗီဇာ (visa on arrival) ကူညီစီစဉ်ပေးရန်တောင်း ဆိုခဲ့ကာ ACSC/APF သည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုအတွက်နှင့် ၂၀၁၅ အာဆီယံအသိုက်အဝန်းအတွက် မှတ်ကျောက်တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဦးဆောင်ကော်မတီ တွဲဖက်ဥက္ကဋ္ဌ ဖရီမရူဒီဒေါင်ရွန်အနေဖြင့်လည်း ဤဖိုရမ်အား၏ အာဆီယံဒေသတွင်း အသွင်ဆောင်မှု ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းမှုများအပေါ် မြန်မာအရပ် ဘက်လူမှုအဖွဲ့အစည်းများအား ကျေးဇူးတင် ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်ကတည်းက အာဆီယံလူထုအသိုင်းအဝိုင်းအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ကြောင်း ထို့ကြောင့် ဤတစ်ကြိမ်မြန်မာပြည် တွင်ကျင်းပမည့် ACSC/APF သည် အာဆီယံလူထုတစ်ရပ် လုံးအတွက် ထပ်ဆင့်ထူးခြားမှုရှိကြောင်း ပြောကြားခဲ့သည်။

အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်သည် ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ စတင်၍ အာဆီယံလူထုအသိုင်းအဝိုင်း၏ လုပ်ငန်းတစ်ခုအဖြစ် ကျင်းပလာခဲ့ကြသည်။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အာဆီယံဒေသတွင်းရှိဒေသများအားလုံးမှ အရပ်ဘက်လူမှုအဖွဲ့အစည်များအသီးသီး၏ အသံများကိုစုစည်း တင်ပြနိုင်ရန် ဖြစ်သည်။ ACSC/APF မကျင်းပမီ အာဆီယံလူငယ်ဖိုရမ်ကို ၂၀၁၄ မတ်လ ၁၇-၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကြိုတင် ကျင်းပသွားမည်ဖြစ်သည်။

ဆက်သွယ်ရန်

(ရန်ကုန်) ဦးညွှန့်လှိုင် -  ဥက္ကဋ္ဌ၊ အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး မီဒီယာကော်မတီ (မြန်မာဘာသာ) +၉၅ (၀)၉၅၀၅၈၂၈၅၊ ကိုဂျိုးဇက် အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးမီဒီယာကော်မတီဝင် (မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ) +၉၅ (၀)၉၂၅၀၇၅၂၈၀၄

(ဘန်ကောက်) - ဖရီမရူဒီဒေါင်ရွန် - တွဲဘက်ဥက္ကဋ္ဌ၊ အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ (ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ) +၆၆ (၀)၈၁၄၃၄၂၃၃၄၊ ဒယ်ဘီစတောက်ဟာ့ - တွဲဘက်ဥက္ကဋ္ဌ၊ အာဆီယံပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေး မီဒီယာကော်မတီ +၆၆ (၀)၈၁၆၈၆၁၆၅၂

(ဂျကာတာ) - ဒယ်နီရယ်အဝီဂရာ၊ Human Rights Working Group, အာဆီယံပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေး အစီအစဉ်ရေးဆွဲရေးကော်မတီ (ဘာဟာစာဘာသာ၊ အင်္ဂလိပ်ဘာသာ) +၆၂ (၀)၈၁၇၆၉၂၁၇၅၇

ရန်ကုန်မြို့တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ အစီအစဉ်

  • နေ့ရက် - ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့
  • အချိန် - နံနက် ၁၁ နာရီ
  • နေရာ - Myanmar Journalist Network (ဒုတိယထပ်၊ အမှတ် ၁၈၁၊ ၃၆ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့)

တင်ပြဆွေးနွေးမည့်သူများ

ဒေါ်မေမေပြုံး (ဥက္ကဋ္ဌ၊ ACSC/APF ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ) ကိုအောင်ဇင် (အာဆီယံလူငယ်ဖိုရမ် ဖြစ်မြောက်ရေးကိုယ်စားလှယ်)

3 March 2014

Press Release

IT'S "ALL SYSTEMS GO" FOR LARGEST ASEAN CIVIL SOCIETY CONFERENCE IN MYANMAR

It's "all systems go" for the ASEAN Civil Society Conference/ASEAN Peoples' Forum (ACSC/APF) 2014, which will be held in Yangon on March 21-23. The conference, expected to attract 1,200 participants from diverse grassroots, national and regional organizations, could be the largest regional civil society conference held in Myanmar in recent years.

This week, members of the ACSC/APF 2014 Steering Committee will brief media, diplomats and officials in Jakarta (3-4 March) and Bangkok (5 March), in the lead-up to the conference.

Daw May May Pyone, Chair of the ACSC/APF 2014 Steering Committee, who is leading the Jakarta advocacy delegation, will brief media on 6 March upon her return to Yangon, with fellow delegate Mr. Aung Zin, an organizer of the ASEAN Youth Forum.

Ms Premrudee Daoroung, Co-Chair of the ACSC/APF 2014 Steering Committee, will provide a briefing at 10am, 5 March, at the Foreign Correspondents Club of Thailand, along with ASEAN Youth Forum organizer, Mr. Joel Barredo.

Under the theme "Advancing ASEAN Peoples' Solidarity toward Sustainable Peace, Development, Justice and Democratization", the ACSC/APF will feature 4 plenary sessions and 27 workshops on 4 thematic clusters i.e. Peace, Justice and Human Rights, Development, and Democratization.

Last week in Yangon, organizers at the 4th Regional Consultation prepared for the conference and decided to reinforce their commitment to maintain inclusiveness and independence of the (ACSC/APF). Participants finalized many aspects of the program and agreed on how to move forward in solidarity. This included the adoption of regulations and principles to ensure the event is accessible, independent and inclusive.

Daw May May Pyone, Executive Director of NGO Gender Group and chair of the Steering Committee of the ACSC/APF 2014, appreciated the current support of the Myanmar authorities and requested visa-on-arrival facilities for participants. "This event is an important milestone for Myanmar's transition and for the ASEAN Community 2015," she emphasized.

Premrudee Daoroung, Co-Chair of the ACSC/APF 2014 Steering Committee, expressed appreciation for national organizers' commitment to regionalism. "Myanmar has been an important focus of ASEAN civil society since the first ACSC in 2005, so this event is extra special to us all," she explained.

ENDS

Enquiries:

(YANGON): U Nyunt Hlaing, Chair, ACSC/APF Media Committee (Myanmar) +9595058285 / 095058285

Joseph Wah, ACSC/APF Media Committee (Myanmar/English) +959250752804 / 09250752804

(BANGKOK): Premrudee Daoroung, Co-Chair, ACSC/APF Steering Committee (Thai/English) +66814342334/ 0814342334

Debbie Stothard, Co-Chair, ACSC/APF Media Committee (English), Tel +66816861652 / 0816861652

(JAKARTA): Daniel Awigra, Human Rights Working Group, ACSC/APF Program Committee (Bahasa Indonesia/English), Tel +628176921757 / 08176921757

Latest from the Blog

 

Burma Army Sets Out a Pattern of Offensives for 2014

By Burma Partnership

Contact Us | Privacy Policy
© Burma Partnership

Visit us at the following social networking sites.       

             

 



This message was sent to icfab8888.peacefulway@blogger.com from:

Burma Partnership | http://www.burmapartnership.org | Muang, Chiang Mai 50300, Thailand

Email Marketing by iContact - Try It Free!

Manage Your Subscription  |  Forward This Message

No comments:

As Daw Aung San Suu Kyi proclaimed,

As Daw Aung San Suu Kyi proclaimed,
"Justice is a dream. But it is a dream we are determined to realize."