International Campaign for Freedom of Aung San Suu Kyi and Burma


Wednesday, December 18, 2013

Press Release: Dr Cynthia Maung Receives Honorary Doctorate in Medicine from Ubon Ratchathani University, Thailand

 

18 December 2012

Press Release

Dr Cynthia Maung Receives Honorary Doctorate in Medicine from Ubon Ratchathani University, Thailand

By Mae Tao Clinic

On the 18th December Her Royal Highness Princess Maha Chakri Sirindhorn presented Dr Cynthia Maung, Director of Mae Tao Clinic with an honorary doctorate in medicine from Ubon Ratchathani University (UBU). This is the first time that an academic institution in Thailand has provided such high recognition of the work of Dr Cynthia and her staff at Mae Tao Clinic. The award was given in recognition of Dr Cynthia's work in taking care of refugees and displaced people affected by war and helping underprivileged patients in the midst of ethnic conflict.

Dr Cynthia was honoured to also have the opportunity to address the staff and faculty members on the 17th December and to provide an inspirational speech to new graduates on the 18th December.

Dr Cynthia pointed out the link between the work of Mae Tao Clinic and that of Ubon Ratchathani University, since both institutions work in border areas of Thailand with vulnerable and mobile populations from Burma and Laos. Both UBU and Mae Tao Clinic believe that training local people to work with their own communities is the best approach to public health. They are both also committed to supporting the work of the Thai government's Border Health Master Plan, which promotes the provision of health care to all people living in Thailand, including migrants and ethnic people.

In her speech, Dr Cynthia urged graduating students to develop an approach to health that looks not just at the disease process and treatment but at all the underlying factors of the broader definition of health that is the social and economic aspects of health. Dr Cynthia highlighted the constant dilemma of working in a low resource setting, but emphasized her belief that: "Every patient should have the right to access health care and not have to remove their child from school, or go hungry or delay treatment due to structural barriers to health services, whether they be economic, social, or otherwise."

She reflected on the current situation in Burma, explaining that although there have been some political shifts, "It remains a chronic health catastrophe." Government health expenditure is just 3% of the country's GDP compared to Thailand's 12.7%. This has resulted in official health indicators in Burma, such as maternal mortality ratios and infant and child mortality rates, being amongst the worst in the region.

Dr Cynthia highlighted that the inspiration for her work has been the communities themselves. She explained that in times of government neglect and abuse, the communities work together for community health and education, developing local solutions and innovations in very challenging circumstances. "It is from this resiliency of communities that community leaders emerge. They learn to work together, share resources and develop strong supportive networks, developing innovative responses to truly provide public health."

"Dr. Cynthiakah was nominated by the College of Medicine and Public Health to receive an honorary Doctorate degree in Medicine. The Ubon Ratchathani University Council have now approved the award to be presented to Dr Cynthiakah. Dr. Cynthiakah is an illustrious example of a medical doctor who has devoted her life to taking care of refugees and displaced people affected by war and ethnic conflict.  She has devoted herself to helping underprivileged patients with limited resources. She embodies the spirit of a true humanitarian. She is a role model for medical and public health professionals who bring benefits to the nation and to international communities" states Ubon Ratchathani University.

For more information, contact:
Naw Ghay Pho (Thai language): +66(0)800298297
Eh Thwa (English/Burmese languages): +66(0)810448521

Dr Cynthia Maung is the Director of Mae Tao Clinic in Mae Sot, Tak. For her work in health and human rights she has received multiple awards including the Sydney Peace Prize of Australia, The One Award of Hong Kong and the Ramon Magsaysay Award of the Philippines for Community Leadership.

Mae Tao Clinic was established in 1989 after the Burmese government crackdown on nationwide pro-democracy demonstrations across Burma. From a small 4-bed clinic in 1990 to the present time when there are over 140,000 patients visits per year with over 3,000 safe baby deliveries. Nowadays, Mae Tao Clinic is a comprehensive health centre, as well as a training centre which has trained thousands of health workers who have returned to Burma to work in rural and war affected areas of Eastern Burma. It also provides education and child protection to migrant children in the area.

----------------------------------------------------

ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံ အူဘွန်ရက်ချာတနီ တက္ကသိုလ်တွင် ဆေးပညာဂုဏ်ထူးဆောင် ပါရဂူဘွဲ့လက်ခံရယူ

ထိုင်းနိုင်ငံ တော်ဝင် ဘုရင့်သမီးတော်မဟာချက်ကရီသီရိဒုံသည် ဒီဇင်ဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ်တွင် အူဘွန်ရက်ချာတနီတက္ကသိုလ်၌ မယ်တော်ဆေးခန်း၏ ညွှန်ကြားရေးမှူး ဒေါက်တာစင်သီယာမောင်အား ဆေးပညာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဒေါက်တာစင်သီယာမောင်နှင့် မော်တော် ဆေးခန်း ဝန်ထမ်းများ၏ ကြိုးစားမှုကို အသိအမှတ်ပြုသောအားဖြင့် အထင်ကရဆုတစ်ခုကို ထိုင်းနိုင်ငံ ပညာရေး အဆောက်အုံတစ်ခုမှ ပထမဆုံးအကြိမ် ပေးအပ်လိုက်ခြင်းဖြစ်သည်။ ထိုင်း - မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည် များနှင့် စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူများကို ပြုစုစောက်ရှောက်ခြင်းနှင့် လူမျိုးရေးပဋိပက္ခများ ကြောင့် ဒုက္ခရောက်သူများကို ဖေးမကူညီခြင်း စသည့် ဒေါက်တာစင်သီယာမောင်၏ ကြိုးစားလုပ်ဆောင်မှု များကို အသိအမှတ်ပြုသောအားဖြင့် အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။

တက္ကသိုလ်မဟာဌာနဝန်ထမ်းများ ပါမောက္ခများနှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တွေ့ဆုံစကားပြောကြား ခွင့် ရသည့်အပြင် ဘွဲ့ရကျောင်းသားများအား ၁၈ ရက်နေ့တွင် မိန့်ခွန်းပြောကြားခွင့်ရခြင်းသည် ဒေါက်တာ စင်သီယာမောင်အတွက် များစွာ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။

အူဘွန်ရက်ချာတနီတက္ကသိုလ်နှင့် မယ်တော်ဆေးခန်းတို့သည် ထိုင်း-မြန်မာ နှင့် ထိုင်း-လာအိုနယ်စပ် များတွင် ရွှေ့ပြောင်းနေထိုင်ကြသော အားနည်းသူ ပြည်သူလူထုများအတွက် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း အဖွဲ့အစည်းနှစ်ခုကြား တူညီမှုများကို ဒေါက်တာစီသီယာမောင်က ထောက်ပြပြောကြား သွားခဲ့သည်။ ၎င်းတို့၏ ဒေသများတွင် ပြန်လည်လုပ်ကိုင်နိုင်ရန် ဒေသခံများအား အရည်အသွေးမြှင့် သင်တန်းများ ပေးခြင်းသည် လူထုကျန်းမာရေးအတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်ဟု မယ်တော်ဆေးခန်းရော အူဘွန်ရက်ချာတနီတက္ကသိုလ်ပါ ယုံကြည်ထားကြသည်။ ထို့ပြင် ရွှေ့ပြောင်း အလုပ်သမားများနှင့် တိုင်းရင်းသားလူမျိုးစုများအပါအဝင် ထိုင်းနိုင်ငံ နယ်နမိတ်အတွင်းရှိ လူသားတိုင်း ကျန်းမာရေးဝန်ဆောင်မှုရရှိရေး မြှင့်တင်ပေးသည့် ထိုင်းနိုင်ငံအစိုးရ၏ နယ်စပ်ကျန်းမာရေး မဟာစီမံကိန်းအား အထောက်အကူပြုလုပ်ဆောင်ရန် အဖွဲ့အစည်းနှစ်ခုလုံးမှ မျှော်မှန်းထားကြသည်။

ဘွဲ့ရကျောင်းဆင်းများကို မိန့်ခွန်းပြောကြားရာတွင် ဒေါက်တာ စင်သီယာမောင်က ကျန်းမာရေးဆိုရာတွင် ရောဂါနှင့်ကုသခြင်းဖြစ်စဉ်တစ်ခု ထဲမဟုတ်ပဲ နယ်စပ်ဒေသ၏ ထူးခြားချက်များဖြစ်သည့် လူမှုရေးနှင့် စီပွားရေးကဲ့သို့ အခြေခံအကြောင်းတရားများ၏ ရှုထောက်မှလည်း ချည်းကပ်ကြရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။ ထို့ပြင် အရင်းအမြစ်အနည်းငယ်သာရှိသော အခြေအနေတွင် စဉ်ဆက်မပြတ် အကြပ်အတည်းများကြုံတွေ့ရကြောင်း သို့သော် "လူနာမှန်သမျှဟာ ကျန်းမာရေးပြုစုစောက်ရှောက်ခွင့် ရရှိသင့်ပါတယ်၊ လူမှုရေး၊ စီးပွားရေး ဒါမှမဟုတ် အခြားအကြောင်းတရားတွေကြောင့်ဖြစ်စေ ကျန်းမာရေး အတွက် အခြေခံအဆာက်အုံလိုအပ်ချက် မပြည့်စုံမှုကြောင့်ဖြစ်စေ ကျန်းမာရေး ဝန်ဆောင်မှုရရှိဖို့ ကိုယ့်ကလေးတွေကို ကျောင်းကနေထုတ်ပစ်ရတာမျိုး အစားအသောက်မစားပဲ အဆာခံရတာမျိုး၊ ဒါမှမဟုတ် ဆေးကုသမှုကို အချိန်နှောင့်နှေးလိုက်ရတာမျိုး မဖြစ်သင့်ပါဘူး" သူမ၏ ယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေးရှုထောင့် ဘက်တွင် ပြောင်းလဲမှုများများ ရှိနေသော်လည်း ကျန်းမာရေးနှင့်ပတ်သက်သည့် ကြီးမားသောပြဿနာဆိုးများကို ရေရှည်ဆက်လက် ကြုံတွေ့နေရကြောင်း သူမက ရှင်းပြသွားခဲ့သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်သည် နိုင်ငံတော် GDP ၏ ၃% သာ ရှိနေပြီး ထိုင်းနိုင်ငံမှာ ၁၂.၇ % အထိရှိနေသည်။ ထိုသို့သော အခြေအနေများ၏ အကျိုးဆက်များက တိုင်းပြည်အတွင်းရှိ ကျန်းမာရေးအခြေအနေပြ ကိန်းဂဏန်းများတွင် ပေါ်လွင်နေသည်။ မြန်မာနိုင်ငံတွင် သားဖွားစဉ် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုနှုန်းများမှာ ဒေသတစ်ဝန်းတွင် အဆိုးဝါးဆုံးဖြစ်နေသည်။

ဆက်လက်၍ ဒေါက်တာစင်သီယာမောင်မှ မိမိလုပ်ငန်းများအတွက် ခွန်အားမှာ ဒေသခံလူထုများကိုယ်တိုင် ပင်ဖြစ်ကြောင်း အစိုးရမှ မျက်ကွယ်ပြုထားချိန် ဖိနှိပ်မှုများရှိချိန်တွင် ဒေသအတွင်း ကျန်းမာရေးနှင့် ပညာရေးအတွက် ဒေသခံများအကြားလက်တွဲ လုပ်ဆောင်ခဲ့ကြပြီး စိန်ခေါ်မှုများလှသော အခြေအနေတွင် ဝိုင်းဝန်းအဖြေရှာခြင်း ဖန်တီးမှုအသစ်များ ဖော်ထုတ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ ဆက်လက်၍ သူမက "ဒီလို ကြံ့ကြံ့ခံနိုင်စွမ်းကတစ်ဆင့် ဒေသခံလူထုခေါင်းဆာင်တွေ ပေါ်ထွန်းလာ တာဖြစ်ပြီး ဒေသခံတွေ တစ်ဦးနဲ့တစ်ဦး လက်တွဲလုပ်ဆောင်တာတွေ၊ အရင်းအမြစ်တွေကို မျှဝေတာတွေ၊ အားကောင်းတဲ့ အကျိုးပြုကွန်ယက်ဖွဲ့ စည်းမှုတွေ ပြုလုပ်ပြီး စစ်မှန်တဲ့ လူထု ကျန်းမာရေးအတွက် နည်းလမ်းသစ်တွေကို ဖော်ထုတ်တာတွေ လုပ်နိုင်ခဲ့ကြပါတယ်။" ဟု ပြောခဲ့သည်။

"ဒေါက်တာစင်သီယာကို ဆေးညာနှင့်လူထုကျန်းမာရေးကောလိပ်မှ ဂုဏ်ထားဆောင်ဒေါက်တာဘွဲ့ကို လက်ခံရယူဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အူဘွန်ရက်ချာတနီတက္ကသိုလ်ကောင်စီက ဒေါက်တာ စင်သီယာကို ဒီဆုပေးဖို့ အတည်ပြုလိုက်ပြီး ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာဟာ ဒုက္ခသည်တွေနဲ့ စစ်မက်နဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေအတွက် သူ့မရဲ့ဘဝကို မြှုပ်နှံပြီး  ဖေးမကူညီပေးတဲ့ အများကလေးစားရတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ သူမဟာ အရင်းအမြစ် အနည်းငယ်ပဲ ရှိတဲ့ကြားထဲက အကူအညီမဲ့ဖြစ်နေတဲ့ လူနာတွေကိုကူညီဖို့ သူ့မရဲ့ဘဝကို မြှုပ်နှံခဲ့ပါတယ်။ စစ်မှန်တဲ့ လူသားချင်းကိုယ်ချင်းစာနာမှုရဲ့ အနှစ်သာရ ကို သူမဆီမှာ တွေ့နိုင်ပါတယ်။ ဒါ့ပြင် သူမဟာ တိုင်းပြည် အတွက်သာမက နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာပါ အကျိုးပြုပေးတဲ့ ဆေးဝါးနဲ့ လူထုကျန်းမာ ရေးနယ်ပယ်မှာ လုပ်ကိုင်နေသူတွေအတုယူနိုင်တဲ့ စံနမူနာကောင်းလဲ ဖြစ်ပါတယ်" အူဘွန်ရက်ချာတနီ တက္ကသိုလ် တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ဆက်သွယ်ရန် 
နော်ဂေဖိုး +၆၆(၀)၈၀၀၂၉၈၂၇၉ (ထိုင်းဘာသာ) 
အယ်သွား +၆၆(၀)၈၁၀၄၄၈၅၂၁ (အင်္ဂလိပ်/မြန်မာဘာသာ)

ဒေါက်တာစင်သီယာမောင်သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၏ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သည်။ သူမသည် ကျန်းမာရေးနှင့်လူ့အခွင့်အရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ဆောင် မှုများအတွက် သြစတေးလျနိုင်ငံ ဆစ်ဒနီငြိမ်းချမ်းရေးဆု၊ ဟောင်ကောင် The One Award ဆုနှင့် ဒေသလူထုခေါင်းဆောင်မှုအတွက် ဖိလစ်ပိုင် Ramon Magsaysay ဆု အပါအဝင် ဂုဏ်ထူးဆောင်ဆုများ ရရှိခဲ့သည်။

၁၉၈၈ တစ်ပြည်လုံးအတိုင်းအတာ ဒီမိုကရေစီ အရေးတော်ပုံအား အစိုးရမှ ဖြိုခွင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် လူနာကုတင် လေးလုံးသာ ရှိသော ဆေးခန်းအဖြစ်မှနေ ယနေ့ နှစ်စဉ် လူနာပေါင်း ၁၄၀၀၀၀ ခန့် လာရောက်ဆေးကုသနေပြီး ကလေးငယ် ၃၀၀၀ ကျော်အား မွေးဖွားပေး နေသော ဆေးခန်းဖြစ်လာသည်။  ယနေ့အချိန်တွင် မယ်တော်ဆေးခန်းသည် ပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှု ပေးရာနေရာဖြစ်ပြီး မြန်မာပြည်အရှေ့ဘက် ကျေးလက်ဒေသ များနှင့် ပဋိပက္ခ ဖြစ်ရာဒေသများသို့ ပြန်လည်လုပ်ကိုင် သည့် ထောင်ပေါင်းများစွာသော ကျန်းမာရေး လုပ်သားများကို သင်တန်းများပို့ချရာ နေရာလည်းဖြစ်သည်။ ထို့ပြင် မယ်တော်ဆေးခန်းသည် ထိုင်း - မြန်မာနယ်စပ် ရွှေ့ပြောင်း ဒေသများတွင်ရှိသော ကလေးများအတွက် ပညာရေးနှင့် ကလေးများ ကာကွယ်စောင့်ရှောက်ရေးကိုလည်း ပံ့ပိုးပေးသည်။ 

Download Thai version of the Press Release here.

Latest from the Blog

 

 

Japan's Opportunity to Prove Itself a Responsible Investor in Burma

By Burma Partnership 

Contact Us | Privacy Policy
© Burma Partnership

Visit us at the following social networking sites.       

             

 



This message was sent to icfab8888.peacefulway@blogger.com from:

Burma Partnership | http://www.burmapartnership.org | Muang, Chiang Mai 50300, Thailand

Email Marketing by iContact - Try It Free!

Manage Your Subscription  |  Forward This Message

No comments:

As Daw Aung San Suu Kyi proclaimed,

As Daw Aung San Suu Kyi proclaimed,
"Justice is a dream. But it is a dream we are determined to realize."