International Campaign for Freedom of Aung San Suu Kyi and Burma


Friday, July 26, 2013

Press Release: Parliament Must Delay Deliberation on the Myanmar National Human Rights Commission Law

 

26 July 2013

Press Release

Parliament Must Delay Deliberation on the Myanmar National Human Rights Commission Law

By Burma Partnership and Human Rights Education Institute of Burma

The Myanmar National Human Rights Commission (MNHRC) Law will be discussed in the Upper House of Parliament on Monday 29 July 2013. The draft legislation was published in the state-run newspaper The Mirror on 7 July 2013, giving less than one month for civil society and the public to provide recommendations and to suggest amendments on the draft law. Despite many calls by local and regional civil society for a transparent and participatory drafting process, the law was drafted without their involvement and rushed to be tabled in the Parliament.

"The government has an opportunity in this reform process to finally address the long-term problem of pervasive human rights violations in Burma. It should be easy for the government to establish an independent, transparent and effective commission using international standards and the advice of experts in this field. But the shortcomings in this draft law raise doubts about the will of the government to create a commission that will truly protect the human rights of the people," said Khin Ohmar, Coordinator of Burma Partnership.

"We call on MPs to delay deliberation of the MNHRC's enabling law so that civil society can provide detailed recommendations and suggest amendments to the law. Civil society's participation is essential to guarantee the MNHRC's compliance with international standards, its independence, and to generate publicity and awareness around the commission to help it attain public legitimacy," said Aung Myo Min, Executive Director of the Human Rights Education Institute of Burma.

International standards, such as the UN Principles relating to the status of national institutions (known as the Paris Principles), set out the minimum international standards required for National Human Rights Institutions to effectively fulfill their role. Public scrutiny will guarantee transparency, foster human rights and ensure that the commission meets the needs of the people of Burma.

While there are some positive aspects in the draft legislation, some provisions pose serious threats to the commission's independence. "Problematic provisions need to be amended if the President and the Parliament are serious about establishing an independent, transparent and effective human rights commission that can protect the human rights of the people of Burma. Unfortunately, the current draft of the law allows the President to maintain control of the commission," said Aung Myo Min.

In the draft law, the executive branch of the government dominates the selection and appointment process of the commission's members. These processes are the most important ways to guarantee the independence and diversity of the MNHRC. The law must be amended so that the selection and appointment mechanisms are transparent and include more members of the independent civil society and more equal representation from different sectors of society.

The current legislation also allows for arbitrary dismissal of the commissioners. Since the MNHRC will have the authority to comment on the government's actions in respect to human rights, it is crucial for its independence that its members are protected from retaliation. In addition, the MNHRC will have no financial autonomy. The budget of the commission and the entitlements of the commissioners are under direct control of the government.

The article announcing the draft law in The Mirror provided no information about how, when, and to whom recommendations should be sent. It did not mention whether the law was already in Parliament or not. Civil society groups from Burma are preparing recommendations on the draft law, which will be released next week.

For more information, please contact:

Khin Ohmar: +66 818840772 / +95 9450063714 or khinohmar@burmapartnership.org
Aung Myo Min: +95 9448015306 or myominburma@gmail.com

-------------------------------------------------------------------------

ချက်ချင်းဖြန့်ဝေရန်

၂၆ ဇူလိုင် ၂၀၁၃

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအား ဆွေးနွေးခြင်းကို လွှတ်တော်မှ ဆိုင်းငံ့ထားသင့်သည်

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ နှင့် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ၂၉ ဇူလိုင် ၂၀၁၃ တွင် အထက်လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟုသိရသည်။ အဆိုပါ ဥပဒေကြမ်းကို ၇ ဇူလိုင် ၂၀၁၃ တွင် နိုင်ငံပိုင်သတင်းစာဖြစ်သော ကြေးမုံ သတင်းစာ၌ ထုတ်ဝေဖော်ပြခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် လူထုအခြေပြုအဖွဲ့အစည်းများက အကြံပြုချက် များနှင့် ပြင်ဆင်သင့်သည့်အချက်များအတွက် အဆိုပြုချက်များပေးပို့နိုင်ရန် အချိန် ၁ လ ပင်ပြည့်အောင်မပေးပေ။ ဒသခံ နှင့် အာရှဒေသအတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများက ဤဥပဒေကြမ်းရေးဆွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် အများပါဝင်ခွင့်ရနိုင်ရန် တောင်းဆိုမှု များပြုလုပ်ခဲ့သော်လည်း အများပါဝင်ခွင့် မပေးပဲရေးဆွဲခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန် အလျင်ဆလို တင်သွင်းတော့မည် ဖြစ်သည်။

"ခုလိုပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အစိုးရအနေနဲ့ နှစ်ရှည်လ များဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းဖို့ အခွင့်အလမ်းရှိလာပါတယ်။ ပညာရှင်တွေရဲ့အကြံပြုချက်တွေနဲ့ နိုင်ငံတကာစံနှုန်းတွေကို အသုံးပြုပြီး လွတ်လပ်ထိရောက်ပြီး ပွင့်လင်းမြင် သာမှုရှိတဲ့ကော်မရှင်တစ်ခုကို  အစိုးရအနေနဲ့ အလွယ်တကူ တည်ထောင်နိုင်သင့်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းထဲမှာ လိုအပ်ချက် များစွာ ရှိနေဆဲဖြစ်တာကြောင့် လူထုရဲ့ လူ့အခွင့်အရေးကို တကယ်ပဲ အကာအကွယ်ပေးမယ့် ကော်မရှင်ကို တည်ထောင်ဖို့ အစိုးရမှာ ဆန္ဒရှိပါရဲ့လားဆိုတာ သံသယဖြစ်စရာအချက်ဖြစ်ပါတယ်။"  ဟု မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာမှ ပြောသည်။

"လူထုအသိုင်းအ၀ိုင်းကနေ တိကျတဲ့အကြံပြုချက်တွေနဲ့ ပြင်ဆင်ဖို့အဆိုပြုချက်တွေပေးပို့နိုင်အောင် ဒီ်ဥပဒေကြမ်း ကို လွှတ်တော်မှာဆွေးနွေးခြင်းမပြုသေးပဲ ဆိုင်းငံ့ထားဖို့ ကျွန်တော်တို့အနေနဲ့ လွှတ်တော်အမတ်တွေကို တောင်းဆို ပါတယ်။ လူထုအသိုင်းအ၀ိုင်းတွေရဲ့ပါဝင်မှုဟာ ကော်မရှင်ကို နိုင်ငံတကာ စံနှုန်းတွေနဲ့ကိုက်ညီစေဖို့နဲ့ လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အပြင် ကော်မရှင်နဲ့ပတ်သက်ပြီး အများပြည်သူကြား ပိုမိုလူသိများနားလည် လာစေပြီး ပြည်သူရဲ့ထောက်ခံမှု ပိုမိုရရှိစေမှာဖြစ်ပါတယ်။" ဟု လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) အထွေထွေညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းမှ ပြောသည်။

ကုလသမဂ္ဂမှ ပြဋ္ဌန်းထားသည့် နိုင်ငံတကာစံနှုန်းဖြစ်သော ပါရီအခြေခံမူ များတွင် အမျိုးသားလူ့အခွင့်အရေး အဆောက်အအုံများအနေဖြင့် မိမိလုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် အနိမ့်ဆုံး ထားရှိရမည့် စံနှုန်းများကို ဖော်ပြထားပါသည်။ လူထုမှထောက်ပြဆွေးနွေးခြင်းသည် ကော်မရှင်ကို ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှု ရှိစေပြီး လူ့အခွင့်အရေး ကို အားပေးရာရောက်စေသည့်အပြင် လူထု၏အမှန်တကယ် လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင်လည်း အထောက်အကူဖြစ်စေ မည်ဖြစ်သည်။

ဥပဒေကြမ်းထဲတွင် ကောင်းမွန်သော အပိုင်းများပါရှိသော်လည်း အချို့အပိုင်းများသည် ကော်မရှင်၏လွတ်လပ်မှုကို များစွာခြိမ်းခြောက်နေ ပါသည်။ "အစိုးရအနေနဲ့ ပြည်သူတွေရဲ့လူ့အခွင့်အရေးကို ကာကွယ် မှုပေးနိုင်တဲ့ လွတ်လပ်ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်တဲ့ကော်မရှင်ကို တကယ်ပဲထူထောင်ချင်တယ်ဆိုရင်တော့ အဲဒီလို ပြဿနာများတဲ့ အချက်တွေကို ပြန်လည်ပြုပြင်ဖို့ လိုအပ်ပါတယ်။ လက်ရှိဥပဒေကြမ်း ကတော့ သမ္မတတစ်ဦးတည်း အနေနဲ့ ကော်မရှင်ကို ဆက်လက်ထိန်း ချုပ်နိုင်အောင် ခွင့်ပြုထားပါတယ်။" ဟု ဦးအောင်မျိုးမင်းမှ ပြောသည်။

ဤဥပဒေကြမ်းအရ အစိုးရအုပ်ချုပ်ရေးမဏ္ဍိုင်မှ ကော်မရှင်အဖွဲ့ဝင်ရွေး ချယ်ခြင်းနှင့် ခန့်အပ်ခြင်းတာဝန်ကို ရယူထားသည်။ ထိုရွေးချယ်ခန့် အပ်ခြင်းဖြစ်စဉ်သည် ကော်မရှင်၏လွတ်လပ်မှုနှင့်အလွှာစုံပါဝင်မှုကို အာမခံပေးချက် ပေးရန် အရေးအကြီးဆုံးသော နည်းလမ်း တစ်ခုဖြစ်သည်။ လက်ရှိဥပဒေကြမ်းပါ၎င်းအချက်ကို ပြင်ဆင်မှသာ အဖွဲ့ဝင်ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်းယန္တရားသည် ပွင့်လင်းမြင်သာမှု ရှိပြီး လွတ်လပ်သည့်လူထုအသိုင်းအ၀ိုင်း ကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင် မည်ဖြစ်သည်။ သို့မှသာ မတူကွဲပြားသောကဏ္ဍများရှိ လူထုအသိုင်း အ၀ိုင်းများကို ညီတူညီမျှ ကိုယ်စားပြုနိုင်မည်ဖြစ်သည်။

လက်ရှိဥပဒေကြမ်းအရ ကော်မရှင်အဖွဲ့ဝင်များကို တရားလက်လွတ် ထုတ်ပယ်နိုင်သည်။ ကော်မရှင်အနေဖြင့် နိုင်ငံတော်အစိုးရ၏ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များအပေါ် မှတ်ချက်ပေးနိုင်သည့် အာဏာ ရှိသည့်အလျောက် ကော်မရှင်အမှီအခို ကင်းရန်နှင့် ကော်မရှင်ဝင်များအား ပြန်လည်တုံ့ပြန် အရေးယူ ခံရခြင်းမှ အကာအကွယ်ပေးရန် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ပြင် ဤဥပဒေကြမ်း အရဆိုလျှင် ကော်မရှင်သည် ဘဏ္ဍာရေးအပေါ် ထိန်းချုပ်ကွပ်ကဲနိုင်စွမ်း လုံးဝမရှိပဲ ကော်မရှင်၏ဘဏ္ဍာငွေနှင့် ကော်မရှင်ဝင်များ၏ ခံစားခွင့်များ အားလုံးသည် အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။

ဇူလိုင် ၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဤဥပဒေကြမ်းအပေါ် အကြံပြုချက်များကို မည်သည့်အချိန်တွင် မည်သူ့ဆီကို မည်သည့်နည်း လမ်းနှင့် ပေးပို့ရမည် ဆိုသည်ကိုလည်းကောင်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီးသွားခြင်း ရှိမရှိကိုလည်းကောင်း ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ မြန်မာလူထုအခြေပြု အဖွဲ့အစည်း များမှ ဤဥပဒေကြမ်းအပေါ် အကြံပြုချက်များတင်ပြနိုင်ရန် ပြင်ဆင်နေလျက်ရှိပြီး ရှေ့အပတ်တွင် ထုတ်ပြန်သွားမည် ဖြစ်သည်။

ဆက်သွယ်ရန်

ဒေါ်ခင်ဥမ္မာ -  +66 818840772 / +95 9450063714 or khinohmar@burmapartnership.org

ဦးအောင်မျိုးမင်း -  +95 9448015306 or myominburma@gmail.com

Latest from the Blog

 

Thein Sein's Words Must be Followed by Action

By Burma Partnership

Contact Us | Privacy Policy
© Burma Partnership

Visit us at the following social networking sites.       

             

 



This message was sent to icfab8888.peacefulway@blogger.com from:

Burma Partnership | http://www.burmapartnership.org | Muang, Chiang Mai 50300, Thailand

Email Marketing by iContact - Try It Free!

Manage Your Subscription  |  Forward This Message

No comments:

As Daw Aung San Suu Kyi proclaimed,

As Daw Aung San Suu Kyi proclaimed,
"Justice is a dream. But it is a dream we are determined to realize."